🙏 မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။ 🙏

👉 ဒီနေ့မှာတော့ လူကြီးမင်းတို့ Website မှာ မရှိမဖြစ် ရှိထားသင့်တဲ့ Data တွေအကြောင်းကို ကျွန်တော်တို့နှင့်အတူလေ့လာကြည့်ရအောင်။

✅ နံပါတ် (၁) စီးပွားရေးလုပ်ငန်းအကြောင်း အသေးစိတ်

ယနေ့လို Social Media ခေတ်မှာ ထည်ထည်ဝါဝါ ကြေငြာလို့ရပေမဲ့ လုပ်ငန်းတည်ထောင်တဲ့ ရည်ရွယ်ချက် ၊ လုပ်ငန်းလည်ပတ်နေတဲ့ Industry အမျိုးအစား ၊ လုပ်ငန်းဘာကြောင့်တည်ရှိနေရတယ်ဆိုတဲ့ ရည်ရွယ်ချက် စတာတွေကို Website မှာပဲ တစ်သီးတစ်ခြား ထည်ထည်ဝါဝါ ပြထားလို့ရပါတယ်။

ဒီအချက်အလက်၊တွေကို Social Media ‌‌တွေပေါ်မှာ တင်မယ်ဆိုလျှင် လူတွေရဲ့စိတ်ဝင်စားခံရနိုင်ခြေ အရမ်းနည်းပြီးတော့ မိမိအတွက် ကိုယ်ပိုင်တည်ဆောက်ထားတဲ့ သီးသန့် Website မှာ တင်ခြင်းက ပိုပြီးသင့်တော်ပါတယ်။

✅ နံပါတ် (၂) Products နဲ့ Services တွေရဲ့ သမိုင်းကြောင်း အကျဉ်းချုပ်

Social media တွေမှာ Products တွေ Services တွေအကြောင်းကို ထည်ထည်ဝါဝါတင်ကြတယ် ၊ လူတွေသိအောင်လို့ကြေငြာကြတယ် ၊ ဒါပေမဲ့ ဒီ Product တစ်ခုချင်းစီရဲ့ ဖြစ်ပေါ်လာပုံအသေးစိတ်တွေ ၊ ဘာကြောင့် ဒီ Product ကို Company က ရောင်းချနေတာလဲ ၊ Service တစ်ခုချင်းစီရဲ့ ဖြစ်ပေါ်လာပုံအသေးစိတ် နှင့် ဘာကြောင့်မလို့ ဒီ Services တွေကို Company က ဝန်ဆောင်မှုပေးနေတာလဲဆိုတာရဲ့ History ကို မိမိရဲ့ Website မှာ ထည်ထည်ဝါဝါ တစ်သီးတစ်သန့် ပြထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ လာကြည့်တဲ့ လူတွေအနေနဲ့ ဒီလုပ်ငန်းက ဒီ Products တွေ၊ ဒီ Services တွေ ပေးတယ်ဆိုတဲ့အပြင် ဘာကြောင့်မလို့ ဒီ Products တွေ၊ ဒီ Services တွေတည်ရှိနေရတာလဲဆိုတာကို ကောင်းကောင်းသဘောပေါက်သွားမှာ ဖြစ်ပါတယ်။

✅ နံပါတ် (၃) Contact to Business – လုပ်ငန်းကို ဆက်သွယ်လို့ရမဲ့ အချက်အလက်

User တစ်ယောက်က Website ကို ဝင်ကြည့်ပြီးသွားတော့ Business အကြောင်းလဲ ကောင်းကောင်းသိသွားတယ် ၊ Business က ပေးတဲ့ Products နှင့် Services တွေအကြောင်းကိုလဲ ကောင်းကောင်းမွန်မွန်နားလည်သွားတယ်ဆိုလျှင် ဒီလုပ်ငန်းကို ဆက်သွယ်ချင်စိတ်ရှိလာပါလိမ့်မယ်။ ဆက်သွယ်ချင်တဲ့အခါမှာ အလွယ်တကူ ဆက်သွယ်နိုင်ဖို့အတွက်အရမ်းအရေးကြီးပါတယ်။ Website ကို လာကြည့်တဲ့သူတွေအတွက် တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ Phone number ပြထားပေးခြင်း၊ Email address ပြထားပေးခြင်း၊ Form ဖြည့်ပြီး Email ပို့လို့ရတဲ့ Contact Form ထားထားပေးခြင်း၊ Facebook chat ကို link ချိတ်ထားပေးခြင်း ဒါတွေကို ထည့်သွင်းရပါတယ်။

🔰 ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ် 🔰

📌လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်
https://inspirewebservicesmm.com/clients/

📌ဆက်သွယ်ရန်
https://inspirewebservicesmm.com/contact-us/

☎️ 09 783 896 829

📍 Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon