မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။

လူကြီးမင်းက အခုမှ Business Email ကိုစပြီးတော့ သုံးချင်တယ် ဒါပေမယ့် Email ဘယ်နှစ်ကောင့်ဝယ်ပြီးတော့ ဘယ်သူ‌တွေကို Email ပေးသုံးရမလဲဆိုတာ မသိဘူးဖြစ်နေတယ်။ ဒါဆိုရင်‌တော့ ဒီနေ့ Post လေးက လူကြီးမင်းအတွက်ပဲ ဖြစ်ပါတယ်။

လုပ်ငန်းတွေ Business Email ‌တွေကို အဓိကထားသုံးရခြင်းရဲ့ ရည်ရွယ်ချက်က လုပ်ငန်းကနေပြီးတော့ ပြင်ပကို ဆက်သွယ်တဲ့ နေရာမှာ Impression ကောင်းကောင်းနဲ့ ဆက်သွယ်နိုင်ဖို့၊ လုပ်ငန်းတွင်း ဌာန တစ်ခုနဲ့ တစ်ခု တာဝန်ရှိသူ ‌တစ်ယောက်နဲ့ တယောက် ဆက်သွယ်တဲ့နေရာမှာ ယုံကြည်မှု ပိုပီးတော့ကောင်းစေဖို့ ဒီရည်ရွယ်ချက်တွေကြောင့် Business Email ကို သုံးစွဲတာ ဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့်‌တော့ Business Email ကို ပေးပြီးတော့ သုံးဖို့အတွက်ရာ အချက်နှစ်ချက်နှင့် စဉ်းစားလို့ရပါတယ်။ ဌာနအလိုက်ဆိုတာနဲ့ ရာထူး အလိုက်ဆိုတာပဲ ဖစ်ပါတယ်။

လုပ်ငန်းအတွင်းကနေ လုပ်ငန်းပြင်ပကို ဆက်သွယ်ရတဲ့ ဌာန‌တွေ ဥပမာ – Marketing ဌာန‌တွေ၊ Sale ဌာနတွေ၊ Customer service ဌာနတွေ ဒီ ဌာန တခုချင်းစီအတွက် Business Email တစ်ခုချင်းစီပေးပြီးတော့သုံးသင့်ပါတယ်။ဥပမာ – marketingdepartment@yourcompany.com , sale department@yourcompany.com , customerservicedepartment@yourcompany.com စသည်ဖြင့် ပေးပြီးတော့သုံးစွဲသင့်ပါတယ်။

နောက်တစ်ခုကတော့ ရာထူး အလိုက် Email တွေကို ပေးပြီးတော့ သုံးတာဖြစ်ပါတယ်။ မိမိရဲ့ company မှာ ရာထူးအလိုက် ပြင်ပ ကို ဆက်သွယ်ရတဲ့ တာဝန်ရှိသူတွေ ရှိပါတယ်။ ဥပမာ – Customer service manager, Sale manager , Marketing manager ဒီ ရာထူးတွေအတွက် သီးသန့် Business Email ပေးသုံးပြီးတော့ လုပ်ငန်းပြင်ပက customer , client , partner တွေကို ဆက်သွယ်စေနိုင်ပါတယ်။ ဥပမာ – customerservicemanager@yourcompany.com , marketingmanager@yourcompany.com , salemanager@yourcompany.com နောက်တစ်ချက်ကတော့ ကျွန်တော်တို့လုပ်ငန်းအတွင်းထဲမှာ အချင်းချင်းဆက်သွယ်ဖို့ လိုအပ်တဲ့ Department တွေကိုလည်း Business Email ပေးပြီးတော့သုံးသင့်ပါတယ်။ ဥပမာ – အဆက်အသွယ် အပြန်အလှန်ရှိကြတဲ့ HR Department နှင့် Sale Department ဆိုကြပါစို့ ။ ဒါဆိုရင် HR Department အတွက် Business Email သီးသန့်ပေးပြီး‌တော့ သုံးသင့်ပါတယ်။ Sale Department အတွက်လည်း Business Email သီးသန့်ဖွင့်ပေးပြီးတော့ပေး သုံးသင့်ပါတယ်။ ဒါဆိုရင် HR Department နှင့် Sale Department က Business Email ကနေတဆင့် လွယ်လွယ်ကူကူ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ အကြမ်းဖျင်း အားဖြင့်‌တော့ ကျွန်‌တော်တို့ လုပ်ငန်းတွေ က Business email (10) ခု ရှိရင် လုံလောက်တယ်လို့ ပြောလို့ရပါတယ်။ (10) ခုမှာ (5) ခုကို Department တွေအတွက် ပေးသုံးပြီးတော့ (5) ခုကို ရာထူးတွေနဲ့ပေး သုံးထားလို့ရပါတယ်။

မိမိလုပ်ငန်းမှာ Business Email ဘယ်နှစ်ကောင့်လိုတယ် ဘယ်သူ‌တွေကိုပေးသုံးရမလဲဆိုတာကို ဝေခွဲမရဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့ ကို ဖုန်းဆက်ပြီးတော့ Consultation section ယူလို့ရပါတယ်။

ကျွန်‌တော်တို့ ဘက်ကနေပြီးတော့ အခမဲ့ ကူညီဆွေးနွေးပေးလို့ရပါတယ်။

ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ်

လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်https://inspirewebservicesmm.com/clients/

ဆက်သွယ်ရန်https://inspirewebservicesmm.com/contact-us/

09 783 896 829

Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon