မိမိလုပ်ငန်းအတွက် Email အသုံးပြုဖို့ လိုအပ်လာပြီဆိုလျှင် ရိုးရိုး Email ကို အသုံးပြုမှာလား ၊ Business Email အသုံးပြုမှာလားဆိုတာကို စပြီး စဉ်းစားရတော့မှာဖြစ်ပါတယ်။💭

ရိုးရိုး Email တွေဆိုတာက Free သုံးလို့ရတဲ့ @gmail.com, @yahoo.com စ‌တဲ့ Email တွေကို ရိုးရိုး Email လို့ခေါ်ပါတယ်။

ရိုးရိုး Emailတွေမှာကျတော့ @gmail.com ၊ @yahoo.com ဆိုတဲ့ domain တွေနဲ့ဆုံးတဲ့အတွက်ကြောင့် ပုံမှန်သုံးနေကျ Email ပုံစံမျိုးပဲဖြစ်သွားပါတယ်။

Business Email တွေမှာ တော့ လုပ်ငန်းအတွက်သီးသန့် ထုတ်ထားတဲ့ domain ကိုသာအသုံးပြုပါတယ်။

ဥပမာ လူကြီးမင်းရဲ့ လုပ်ငန်းက yourcompanyname ပဲ ဆိုကြပါစို့ _

ဒါဆိုရင် yourcompanyname.com ဆိုပြီး domain တစ်ခုဝယ်ပြီး ဒီ domain ကို email service နဲ့ချိတ်လိုက်မယ်ဆိုလျှင် admin@yourcompanyname.com ဆိုပြီးတော့ထွက်လာမှာဖြစ်ပါတယ်။

ပုံမှန် အသုံးပြုနေကျ gmailကို သုံးမယ်ဆိုလျှင်တော့ adminyourcompanyname@gmail.com ဆိုပြီးထွက်လာမှာဖြစ်ပါတယ်။

ဒါပေမဲ့ Business Emailကို အသုံးပြုမယ်ဆိုလျှင်တော့ admin@yourcompanyname.com ဆိုပြီးထွက်လာမှာဖြစ်ပါတယ်။

Business Email ဆိုတာ‌က Email service ပေါ်မှာ မိမိလုပ်ငန်းအတွက်သီးသန့်ထုတ်ထားတဲ့ Domain ကိုအသုံးပြုတဲ့ အတွက်ကြောင့် သူတို့ကို Business Email လို့ခေါ်တာဖြစ်ပါတယ်။

Business Email ကို service ပေးတဲ့ လုပ်ငန်းတွေအများကြီးရှိပါတယ်။

Business Email တွေကို မိမိဘာသာ domain ဝယ်ပြီး မိမိဘာသာ server ဝယ်ပြီးတော့ တည်ဆောက်လို့ရပါတယ်။

ဒါမှမဟုတ် Google ကနေ G suite အနေနဲ့ ဝယ်ယူလို့ရပါတယ်။

Soho ကနေ zoho mail service ဆိုပြီးတော့လည်းဝယ်ယူ လို့ရပါတယ်။

Microsoft ကနေပြီးတော့ Office365 ဆိုပြီး ဝယ်ယူလို့ရပါတယ်။

ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ်

လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်

ဆက်သွယ်ရန်

09 783 896 829

Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon