Business Email တွေဆိုတာက လုပ်ငန်းအတွက် သီးသန့်ထုတ်ထားတဲ့ Domain ကိုအသုံးပြုပြီးတော့ Email ဖန်တီးပြီး အသုံးပြုတာကို Business Email လို့ခေါ်ပါတယ်။

ဥပမာ မိမိ လုပ်ငန်းက yourcompanyname.com ဆိုလျှင် yourcompanyname.com နှင့်ဆုံးတဲ့ Email တွေကို ဖန်တီးပြီးတော့ အသုံးပြုတာကို Business Email လို့ခေါ်ဆိုပါတယ်။

Business Email တွေကိုဝယ်ယူလို့ရနိုင်တဲ့ provider တွေအများကြီးရှိပါတယ်။

ဥပမာ – Google company ကနေ G suite ဆိုပြီးတော့ Business Email ကို ဝယ်ယူလို့ရပါတယ်။

Microsoft ကနေ Office360 ဆိုပြီး Business Email serviceကို ဝယ်သုံးလို့ရပါတယ်။

Zoho ကနေပြီးတော့လည်း zoho mail ဆိုပြီးတော့ ဝယ်ယူသုံးစွဲလို့ရပါတယ်။

ဒါမှမဟုတ် ကိုယ့်ဘာသာ Domainနဲ့ Email Hosting ကိုချိတ်ပြီးတော့ Web Mail ဆိုပြီးတော့လည်း သုံးစွဲလို့ရပါတယ်။

Business Emailနဲ့ ပက်သက်လာလျှင် ရွေးချယ်စရာအများကြီးရှိတဲ့အတွက်ကြောင့် ဘယ်လိုအနေအထားမျိုးတွေမှာ ဘယ် providerက တစ်ဆင့် ဝယ်ယူပြီးတော့ သုံးစွဲရမလဲဆိုတာကို Knowledge sharing အနေနဲ့ တင်ဆက်ပေးလိုက်ရပါတယ် ။

ပထမဦးဆုံးအနေဖြင့် ကျွန်တော်တို့က Google company ကထုတ်တဲ့ G suite အကြောင်းကိုပြောပြပေးသွားပါမယ်။

အကယ်၍ သင့်လုပ်ငန်းက Google product တွေကို အဓိကထား သုံးစွဲနေတယ်။ ဥပမာ Google Drive, Gmail, Google Docs, Google Sheets, Google Keep ‌တွေကို အဓိကထားပြီးတော့ လုပ်ငန်းသုံးအတွက်သုံးစွဲနေတယ်ဆိုရင်တော့ Google ရဲ့ G suite ကို သုံးသင့်ပါတယ်။

ဘာကြောင့်လဲဆိုတော့ G suite သုံးခြင်းအားဖြင့် လက်ရှိသုံးနေတဲ့Google Drive, Gmail, Google Docs, Google Sheets, Google Keep ‌တွေကို Premium Versionအနေနဲ့ အဆင့်မြှင့်တင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ အနှစ်ချုပ်အ‌နေနဲ့ မိမိက Google ရဲ့ ecosystem နဲ့အသားကျတယ် Google ရဲ့ app တွေကို လုပ်ငန်းအတွက် အဓိကထားပြီးတော့သုံးတယ်ဆိုရင် G suite ရဲ့ Business Email ကိုဝယ်ယူသင့်ပါတယ်။

ဒါမှမဟုတ် လုပ်ငန်းသုံးအတွက် Microsoft ecosystem ထဲက software တွေကို အဓိကထားသုံးတယ်ဆိုရင် Microsoft Office 360 ဆိုတဲ့ Business Email plan ကိုဝယ်ယူသင့်ပါတယ်။Office 360 Plan မှာ Microsoft ရဲ့ Software တွေဖြစ်တဲ့ Microsoft Office, Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft One Drive, Microsoft Teams အစရှိတဲ့ service တွေအတွက်ပါ Premium plan တွေပါထားပြီးသားဖြစ်တဲ့အတွက်ကြောင့် Microsoft Office 360 ဝယ်လိုက်ပြီဆိုတာနဲ့ အထက်ပါ Software တွေအကုန်လုံးကိုPremium ရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Zoho Email Service ပဲဖြစ်ပါတယ်။ Zoho ကတော့ Email သီးသန့်ပဲဖြစ်ပါတယ် ။ ဒါပေမဲ့ G suite တို့ Microsoft office 360 တို့လိုမျိုး Premium application / software တွေမပါဝင်ပါဘူး။ ဒါကြောင့် ဈေးသက်သက်သာသာနဲ့ စိတ်ချရတဲ့ Email service ကို သုံးချင်တယ်ဆိုရင် တော့ Zoho ကိုရွေးချယ်သင့်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ Web Mail လို့ခေါ်ပါတယ်။ ဒါကတော့ Domainနဲ့ Email Hosting ချိတ်ပြီးတော့ Email accounts တွေကိုထုတ်လုပ်ပေးတာဖြစ်ပါတယ် ။ Web Mail တွေက G suite, Office 360, Zoho တို့နှင့် ယှဉ်လိုက်လျှင် ဈေးအများကြီးသက်သာပါတယ်။ ဒါကြောင့် Business Email accounts အများကြီးကို ဈေးသက်သက်သာသာ နဲ့ လုပ်ငန်းအတွက် အသုံးပြုချင်တယ်ဆိုရင်တော့ Web Mail ကိုရွေးချယ်သင့်ပါတယ်။

ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ်။

လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်

ဆက်သွယ်ရန်

09 783 896 829

Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon