မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။

ဒီနေ့မှာတော့ လုပ်ငန်းအတွက်တကယ် အကျိုးရှိတဲ့ Website တစ်ခုဖြစ်ဖို့အတွက် ထည့်သွင်းရမည့် စနစ် (၆) ခုကို ကျွန်တော် ပြောပြပေးသွားပါမယ်။

ပထမအချက်ကတော့ Contact Form 7 ပဲဖြစ်ပါတယ်။ လုပ်ငန်း Website တွေက လာကြည့်တဲ့သူတွေကို မိမိလုပ်ငန်းအပေါ် ယုံကြည်မူရှိအောင် မိမိလုပ်ငန်းရဲ့ Products တွေ၊ Services တွေကို မြင်သာသွားအောင် ကြိုးစားပြီး data တွေပြတတ်ကြပါတယ်။ လာကြည့်တဲ့သူတွေ လုပ်ငန်းအပေါ် အတိုင်းအတာ တစ်ခုအထိ ရင်းနှီးသွားတဲ့အချိန်မှာ user တွေအနေနဲ့ လုပ်ငန်းကိုအလွယ်တကူ ဆက်သွယ်နိုင်တဲ့ စနစ်ရှိဖို့က အရေးကြီးပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ Website မှာ Contact Form ဆိုတဲ့စနစ်ကိုထည့်သွင်းသင့်ပါတယ်။ Contact Form ထည့်လိုက်ခြင်းအားဖြင့် user တွေက သူတို့ရဲ့နာမည်၊ Email address ၊ သူတို့သိစေချင်တဲ့အကြောင်းအရာလေးတွေကိုရိုက်ထည့်ပြီးတော့ လုပ်ငန်းကို email နဲ့တိုက်ရိုက်ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

ဒုတိယအချက်ကတော့ Facebook chat ပဲဖြစ်ပါတယ်။ ယခု Social Media ခေတ်မှာလုပ်ငန်းတော်တော်များများက customer တွေနှင့် ဆက်သွယ်တဲ့နေရာမှာ Facebook page ကိုအဓိကထား သုံးလာကြပါတယ် ။ Customer တွေအနေဖြင့် Facebook page ကနေ contact လုပ်ရတာပိုပြီးသဘောကျသလို ပိုပြီးတော့လဲ မြန်ဆန်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့်မလို့ Website မှာ Facebook page နှင့်တိုက်ရိုက်ဆက်သွယ်လို့ရသော Facebook chat စနစ် ကိုထည့်သွင်းသင့်ပါတယ်။

နောက်တစ်ချက်ကတော့ Google Analytics…Google Analytics ဆိုတာက Website ရဲ့အချက်အလက်တွေအကုန်လုံးကိုအသေးစိတ်ဖော်ပြပေးတဲ့ Website ဖြစ်ပါတယ်။ Website ကိုတစ်ပတ်အတွင်း တစ်လအတွင်း ဘယ်သူတွေလာကြည့်သွားတယ်၊ လာကြည့်တဲ့သူတွေက ဘယ်ကနေလာတယ် ( ဥပမာ — Facebook ကနေ လာတယ်၊ Google ကနေရှာပြီးတော့လာတယ်။ ) ပြီးတော့ လာကြည့်တဲ့သူတွေက ဘယ် device တွေနှင့် ဝင်ကြည့်ကြလဲ ( ဥပမာ — mobile / desktop ) ပြီးတော့ အရေးကြီးဆုံးအနေဖြင့် လာကြည့်တဲ့သူတွေက Website ရဲ့ဘယ် page တွေကို တစ်ဆင့်ပြီးတစ်ဆင့် ဝင်ကြည့်ကြလဲ ( ဥပမာ — home page ကနေ about page ၊ about page ကနေ contact us page ) ဒီအချက်အလက်တွေကိုပြည့်ပြည့်စုံစုံနှင့် ကြည့်လို့ရတဲ့ Analytics tools ပဲဖြစ်ပါတယ်။ Website မှာ Analytics tools ထည့်ထားမှသာ ရရှိလာတဲ့ data ပေါ်မူတည်ပြီးတော့ Website က Objective ထိရောက်ရဲ့လား? Website ကပိုပြီးတော့ ကောင်းအောင်လုပ်ဖို့ ဖြစ်နိုင်ရဲ့လားဆိုတာကိုစဉ်းစားပြီးတော့ ကျွန်တော်တို့ ရှေ့ဆက်ရမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ – Caching ပဲဖြစ်ပါတယ်။Cache ဆိုတာကတော့ Website ကိုမြန်ဆန်အောင်လုပ်ပေးတဲ့နည်းပညာပဲဖြစ်ပါတယ်။ Website က user တွေဆီမှာ မြန်မြန်ဆန်ဆန် သွက်သွက်လတ်လတ် ဖြစ်စေဖို့ အတွက် cache နည်းပညာကိုထည့်သွင်းသင့်ပါတယ်။

နောက်တစ်ခုက Yoast SEO ပဲဖြစ်ပါတယ်။SEO ဆိုတာကတော့ Search Engine Optimization ဖြစ်ပါတယ်။ Website တစ်ခုက Launch လိုက်ရုံဖြင့်မပြီးပါဘူး။ Websiteက Google ရဲ့ search list မှာကောင်းစေဖို့ user တွေရှာတဲ့နေရာမှာ မိမိ Website က ထိပ်ဆုံးမှာရောက်နေ‌စေဖို့ ကျွန်တော်တို့က SEO – Search Engine Optimisation ကို လုပ်ပေးရပါတယ်။ ဒါကြောင့်မို့ Yoast SEO ကို ထည့်သွင်းအသုံးပြုသင့်ပါတယ် ။ ‌

နောက်ဆုံးတစ်ခုကတော့ – Wordfence Security ပဲဖြစ်ပါတယ်။ဒီ Security စနစ် က လုပ်ငန်းရဲ့ Website ကိုကျသွားအောင်လို့ တိုက်ခိုက်တတ်တဲ့ DDoS attacks တွေကနေ ကာကွယ်ပေးပါတယ်။ လုပ်ငန်းရဲ့ Website ကို admin အနေနှင့် login ဝင်တဲ့အခါမှာလဲ Two Factors Authentication ထည့်ထားပေးတဲ့အတွက်ကြောင့်မို့ ပိုပြီးတော့ လုံခြုံစေပါတယ်။ ဒါကြောင့် တကယ်အကျိုးရှိတဲ့ Website ဖြစ်ဖို့အတွက် ဒီ အချက် (၆) ချက်ကို Website မှာထည့်သွင်းအသုံးပြုသင့်ပါတယ်။

ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ်

လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်https://inspirewebservicesmm.com/clients/

ဆက်သွယ်ရန်https://inspirewebservicesmm.com/contact-us/

09 783 896 829

Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon