Read More

မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။

ဒီနေ့မှာတော့ လုပ်ငန်းရှင်တွေအနေနဲ့ တကယ်အကျိုးရှိတဲ့ Website တစ်ခု ရဖို့အတွက် Website မလုပ်ခင်ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်လဲ ဆိုတာကို ကျွန်တော်တို့ ပြောပြပေးသွားမှာဖြစ်ပါတယ်။

Website တွေက တစ်ခြားသော marketing media တွေနှင့်မတူပါဘူး။ Website တစ်ခုရေးဖို့အတွက် ငွေကြေးအားဖြင့် သိန်း ဆယ်ဂဏန်း၊ သိန်း ရာဂဏန်းအထိ ကုန်ကျပြီးတော့ အချိန်အားဖြင့်လဲ တစ်ပတ်၊နှစ်ပတ်မှသည် လနှင့်ချီပြီးတော့ ကြာတတ်ပါတယ်။ ဒီလိုမျိုး အချိန်တွေ၊ ငွေတွေအားစိုက်ရတဲ့ Website တစ်ခု မလုပ်ခင်မှာ တကယ်အကျိုးရှိတဲ့ Website တစ်ခုဖြစ်ဖို့အတွက် အောက်ပါအချက်တွေကို ကြိုတင်ပြင်ဆင်ထားပြီးမှသာ Website ရေးဆွဲတဲ့ Agency တွေနဲ့ လုပ်ဆောင်သင့်ပါတယ်။

ပထမဦးဆုံး တစ်ချက် Website Audience ကို စဉ်းစားရပါမယ်။ Website Audience ဆိုတာက မိမိ Website ကို လာလည်စေချင်တဲ့သူ‌တွေကိုပြောတာဖြစ်ပါတယ်။ ဘယ်လိုလူတွေကို လာလည်စေချင်လဲဆိုတာကို အရင်ဆုံးစဉ်းစားထားရမှာဖြစ်ပါတယ်။ ဥပမာ – မိမိရဲ့ Website ကို client ဖြစ်နိုင်ချေရှိတဲ့သူတွေကို မြင်စေချင်တာလား၊ ဒါမှမဟုတ် partner တွေ၊ level တူ Business လုပ်နေတဲ့ သူတွေကို မြင်စေချင်တာလား ။ ဒီလိုမျိုး ဘယ် audience ကိုပြမလဲဆိုတာကို အရင်ဆုံးစဉ်းစားရပါမယ်။ မိမိရဲ့ potential client တွေကို Website ကိုမြင်စေချင်တယ်ဆိုလျှင် Website မှာ ဒီ potential client တွေကို client ဖြစ်လာနိုင်စေတဲ့ အထိ လုပ်ဆောင်နိုင်မည့်content တွေ၊ Page တွေ၊ Data တွေကိုထည့်သွင်းရပါမယ်။ ဒါမှမဟုတ် တခြားစီးပွားရေး လုပ်ငန်းတွေကို ကိုယ့်ရဲ့ Website ကိုမြင်စေချင်တယ်ဆိုလျှင်တော့ မိမိရဲ့လုပ်ငန်းကဘယ်လောက်အထိ ခိုင်မာကြောင်း၊ အတွေ့အကြုံရှိကြောင်း၊ စိတ်ချယုံကြည်ရကြောင်းကို မြင်သာအောင်ဖော်ပြပေးရမှာဖြစ်ပါတယ်။

နောက်တစ်ခုက‌ Website Objective …..Website Objective ဆိုတာက Website က ဘာအလုပ်ကိုလုပ်မှာလဲ၊ ဒါမှမဟုတ် Website ကနေ လုပ်ငန်းအနေနဲ့ ဘာအကျိုးကျေးဇူးကိုပြန်ရမှာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ရှေ့မှာပြောခဲ့တဲ့အတိုင်း Website တစ်ခု လုပ်ဖို့ဆိုတာက အချိန်လဲကုန်တယ်၊ ငွေလဲကုန်တယ် ဒါကြောင့်မို့ Website ဘက်ကနေ တိကျတဲ့ ရလဒ် တစ်ခုပြန်ရမှသာ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ Website က ဘာအလုပ်လုပ်မလဲ၊ ဘာပြန်ရမလဲဆိုတာကို တိတိကျကျ စဉ်းစားထားရပါမယ်။ ၊

ဒီလိုမျိုးဘယ် Audience ကိုပြမလဲ စဉ်းစားပြီးသွားပြီ၊ Website ကနေ ဘာအလုပ်လုပ်မလဲဆိုတာကိုစဉ်းစားပြီးသွားပြီဆိုလျှင် နောက်တစ်ဆင့်အနေနဲ့ Website Platform ရွေးရပါတော့မယ်။ Website Platform တွေရွေးချယ်တဲ့အခါမှာ မိမိလိုချင်တဲ့ Objective ပေါ်မူတည်ပြီးတော့ Website ကို အစအဆုံး Customize ဆွဲမှာလား ၊ ဒါမှမဟုတ် CMS platform တွေကို သုံးပြီးတော့ Website ဆွဲမှာလား အစရှိသဖြင့် စဉ်းစားရွေးချယ်ရပါမယ်။

ဒီအဆင့်တွေပြီးသွားပြီဆိုတာနဲ့ ကျွန်တော်တို့ Website မှာထည့်မည့် Pages ‌တွေ၊ Website ထဲမှာထည့်မည့် ပုံတွေ၊ Website ထဲမှာထည့်မည့် စာတွေ၊ content ‌တွေ ‌ဒါတွေကို စပြီးတော့ စဉ်းစားရပါတော့မယ်။ Website မှာ page ဘယ်နှစ်ခုထည့်မှာလဲ? page တစ်ခုချင်းစီမှာ ဘယ် Data တွေကိုပြမှာလဲ ? ဥပမာ – About page မှာဆိုလျှင် လုပ်ငန်းနှင့်ပက်သက်တဲ့ ဘယ်အချက်အလက်တွေကိုပြမှာလဲဆိုတာကို စဉ်းစားရပါမယ်။

နောက်တစ်ခုကတော့ Website မှာသုံးမယ့် Fonts တွေနဲ့ Colors တွေပဲဖြစ်ပါတယ်။ တစ်ချို့လုပ်ငန်းတွေက လုပ်ငန်းအတွင်းမှာသီးသန့်သုံးနေတဲ့ Fonts တွေရှိပါတယ်၊ company ရဲ့ letter head တွေ marketing activities တွေမှာ သီးသန့် သုံးတဲ့ fonts တွေရှိတယ်။ ပြီးတော့ လုပ်ငန်းမှာသီးသန့်သုံးတဲ့ colors တွေရှိတယ်။ ဒါကြောင့် မိမိ Website မှာသီးသန့်သုံးမည့် Fonts တွေ၊ colors တွေကိုလဲ ကြိုတင်ပြီးတော့ ပြင်ဆင်ထားရပါမယ်။

ကျွန်တော်တို့ Inspire Web Services နှင့် Website စပြီးတော့လုပ်ဖို့ ၊ discussion လုပ်ပြီဆိုတာနှင့် အပေါ်က (၅) ချက်ကို ကျွန်တော်တို့ ကိုယ်တိုင် ဦးဆောင်ပြီး ဆွေးနွေးပေးပါတယ်။ ဒီ (၅) ချက်ကို ဆွေးနွေးပြီး ရလဒ်အတိအကျ ထွက်တော့မှသာ ကျွန်တော်တို့ဘက်က Website ကိုစတင်ရေးဆွဲပေးပါတယ်။

ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ်

လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်https://inspirewebservicesmm.com/clients/

ဆက်သွယ်ရန်https://inspirewebservicesmm.com/contact-us/

09 783 896 829

Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon