Blog
Objective ထိတဲ့ Website တွေကို ကျွန်တော်တို့ IWS ဘက်က ဘယ်လိုမျိုး ရေးဆွဲပေးလဲ
မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။
ရှေ့ရက်တွေမှာ ကျွန်တော်တို့က Objective Website ဆိုတာဘာလဲဆိုတာကို ရှင်းပြပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ထိရောက်တဲ့ Objective Website တွေဖြစ်အောင် ကျွန်တော်တို့ IWS ဘက်က ဘယ်လိုမျိုး ရေးဆွဲပေးနေလဲဆိုတာကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ပထမဦးဆုံး Website မရေးဆွဲခင်မှာ Website က ဘာအလုပ်လုပ်မှာလဲဆိုတာကို client နှင့်အတူခေါင်းချင်းဆိုင်ပြီးတော့စဉ်းစားရပါတယ်။ ဒီလိုမျိုးစဉ်းစားတဲ့နေရာမှာ clientရဲ့ လုပ်ငန်း သဘော သဘာဝ၊ client ရဲ့ ရောင်းနေတဲ့ ထုတ်ကုန်၊ ပေးနေတဲ့ဝန်ဆောင်မှု၊ Website ကိုလာစေချင်တဲ့ audience အမျိုးအစားဆိုတာတွေကို ထည့်သွင်းစဉ်းစားရပါတယ်။ Objective တွေချမှတ်တဲ့နေရာမှာ Website တွင်သုံးမည့် page တွေ၊ page တစ်ခုချင်းစီမှာထည့်မည့် data တွေ၊ data တစ်ခုချင်းစီမှာသုံးမည့် ပုံတွေ၊ ထည့်ချင်တဲ့ content တွေ အားလုံးကို Website အတွက် ဆီလျော်အောင် အသေးစိတ်ပြင်ဆင်ပြီး ချမှတ်ရပါတယ်။ Website Design ကို Objective ပေါ်မူတည်ပြီးတော့လဲ စဉ်းစားရေးဆွဲပေးပါတယ်။
Objective ထိတဲ့ Website တစ်ခုဖြစ်အောင် Website စအပ်သည့် အချိန်မှစပြီး အဆင့်ပေါင်း (၁၁) ဆင့်ဖြင့် လုပ်ဆောင်ပေးနေပါသည်။အဆင့် ၁ – Project Management Flow, Timeline, Schedule များရှင်းပြခြင်း။အဆင့် ၂ – Technical set up လုပ်ခြင်း။အဆင့် ၃ – Content Discussion ပြုလုပ်ခြင်း။အဆင့် ၄ – Wireframing Process အဆင့် ၅ – Designing the Web page အဆင့် ၆ – Design Revision အဆင့် ၇ – Data Discussion & Receivingအဆင့် ၈ – Data ထည့်သွင်းခြင်း။အဆင့် ၉ – Data Revisionအဆင့် ၁၀ – Preparing to Launchအဆင့် ၁၁ – Website training & Launching
Website လွှင့်တင်ပြီး အချိန်တစ်ခု ( ၆လ /၁ နှစ်) အတွင်း Website ကနေ တိကျတဲ့ ရလဒ်ထွက်အောင် စီစဉ်ရေးဆွဲပြီးနောက် Objective တကယ်ထိရောက်လား? Objective နှင့် တကယ်ကိုက်ညီလား? လုပ်ငန်းအတွက် တကယ် အကျိုးရှိရဲ့လား ဆိုတာကို အဆင့်မြင့် Analytics Tools တွေ သုံးစွဲပြီး Business ကို report လုပ်ပေးပါတယ်။
အကယ်၍ Objective မထိဘူးဆိုလျှင် ဘယ်နေရာလေးတွေကတော့ ပြောင်းဖို့လိုတယ်၊ ဘယ် page လေးတွေကတော့ ပြောင်းဖို့လိုတယ်၊ ဘယ်လိုမျိုး တိုးတက်အောင်လုပ်ဖို့လိုတယ်ဆိုတာကို လုပ်ငန်းဘက်ကို သွားပြီးတော့ အကြံဉာဏ်ပေးလုပ်ဆောင်ပေးပါတယ်။
ကျွန်တော်တို့ဆီမှာ Objective based Website များကို ရေးဆွဲပေးနေပါတယ်။ လုပ်ငန်းအတွက် တကယ်အကျိုးရှိမရှိကိုလည်း ကျွန်တော်တို့က ပြန်ပြီးတော့ Analytics တွေနဲ့ report ပြန်တင်ပေးနေပါတယ်။
Website အတွက် မိမိသုံးလိုက်ရတဲ့ ပိုက်ဆံ နဲ့တစ်ခုခုပြန်ရချင်တယ်၊ အကျိုးရှိတဲ့Website တစ်ခုကိုလိုချင်တယ်ဆိုလျှင်တော့ အခမဲ့ ကျွန်တော်တို့ IWS မှာ consultation session ပြုလုပ်နိုင်ပါတယ်။
ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ်
လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်https://inspirewebservicesmm.com/clients/
ဆက်သွယ်ရန်https://inspirewebservicesmm.com/contact-us/
09 783 896 829
Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon