မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။

ကျွန်တော်တို့ဆီကို လာတဲ့ client အများစုက Website ကို Data တွေ ပြထားရုံပဲဆိုပြီး Web service လာအပ်ကြတာများပါတယ်။အဲ့ဒီအချိန်ကျရင် Data တွေပြထားရုံမဟုတ်ပဲ ပိုကောင်းတဲ့ Objective Website တစ်ခုဖြစ်‌အောင် ကျွန်တော်တို့ IWS ဘက်က အကြံဉာဏ်ပေးရေး‌ဆွဲလေ့ရှိပါတယ်။

Objective Website ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို လေ့လာကြည့်ရအောင်

Website မရေးဆွဲခင်မှာ Website လွှင့်တင်ပြီး အချိန်တစ်ခု ( ၆လ /၁ နှစ်) အတွင်း Website ကနေ တိကျတဲ့ ရလဒ်ထွက်အောင် စီစဉ်ရေးဆွဲပြီး ထွက်လာတဲ့ ရလဒ်ကိုလည်း အသေးစိတ် စမ်းစစ်ပြီး ထပ်မံ အဆင့်မြှင့်တင်ပေးရတဲ့ နည်းစနစ်ကို Objective Website လို့ခေါ်ပါတယ်။

ဒီအတွက် Website မှာ အဆင့်မြင့် Analytics Tools တွေ သုံးစွဲပြီး ရရှိလာတဲ့ အချက်အလက်များအပေါ် အခြေခံကာ အဆင့်မြှင့်တင် ဆောင်ရွက်ပေးပါတယ်။

Objective တွေက မျိုးစုံရှိပါတယ်။ မိမိရဲ့ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး Objective တွေရွေးလို့ရပါတယ်။ မိမိလုပ်ငန်းက Business to Business (B2B)ဝန်ဆောင်မူပေးနေတဲ့ လုပ်ငန်းဆိုလျှင် Website မှာ မိမိရဲ့Business ကပေးတဲ့ B2B service တွေကို စုံစုံလင်လင်ပြထားပေးမယ်။ဒါဆိုရင် ကျွန်တော်တို့က information ကို စုံစုံလင်လင်ပြထားမယ်ဆိုတဲ့ Information Objective ကို ထည့်သွင်းလို့ရပါတယ်။

နောက်တစ်ခုက ဒီ Website ကို လာကြည့်တဲ့သူတွေက မိမိရဲ့ service တွေကို ပြည့်ပြည့်စုံစုံနှင့်သိသွားမယ်၊ ဒီ service တွေကို တကယ် ယုံကြည်သွားတဲ့ အနေအထားတစ်ခုထိ ရောက်သွားပြီးတော့ တစ်ခါတည်း inquiry လုပ်မယ်၊ တစ်ခါတည်း Website ကတစ်ဆင့် လုပ်ငန်းကိုဆက်သွယ်မယ်၊ ဒီ service အကြောင်း အသေးစိတ်ထပ်ပြီးမေးမြန်းမယ်ဆိုတဲ့ inquiry လိုချင်တဲ့ Inquiry on Services Objective ကို ကျွန်တော်တို့ဖန်တီးနိုင်ပါတယ်။

တကယ် အလုပ်လုပ်တဲ့ Objective Website တွေကို ကျွန်တော်တို့ IWS ဘက်က ဘယ်လိုမျိုး ရေးဆွဲပေးလဲဆိုတာကို နောက်ရက်တွေမှာ ဆက်လက် ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဒီလို Objective Website မျိုးကို ရေးဆွဲချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ IWS နှင့် အခမဲ့ consultation session ယူလို့ရပါတယ်။

ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ်

လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်https://inspirewebservicesmm.com/clients/

ဆက်သွယ်ရန်https://inspirewebservicesmm.com/contact-us/

09 783 896 829

Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon