မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။

ရှေ့ရက်တွေမှာ မတူညီတဲ့ Email Service Provider တွေအကြောင်းကို ရှင်းပြခဲ့ပါတယ်။ Business Email သုံးတဲ့နေရာမှာ Microsoft / Google / Zoho ကနေဝယ်လို့ ရတယ်။ဒါမှမဟုတ် မိမိဘာသာသီးသန့် Web Mail တွေတည်ဆောက်ပြီးတော့ အသုံးပြုလို့ရတယ်ဆိုတာကို ရှေ့ရက်တွေမှာ ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ကတော့ မတူညီတဲ့ provider တွေဆီကနေ Email တွေကို ကျွန်တော်တို့ IWS ကနေတစ်ဆင့် ဝယ်ယူမယ်ဆိုရင် ဘယ်လိုအဆင့်လေးတွေရှိလဲ၊ ဘယ်နှစ်ရက်ကြာမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Inspire Web Services မှာ G suite, Zoho, Web Mail ဆိုတဲ့ Mail service

ခုကို ဝန်ဆောင်မှုပေးပါတယ်။ G suite ကတော့ Google company ကနေ သင့်လုပ်ငန်းကိုယ်စား ကျွန်တော်တို့ဘက်က ဝယ်ယူပေးပါတယ်။Zoho ကတော့ သင့်လုပ်ငန်းကိုယ်စား Zoho Company ကနေပြီးတော့ ကျွန်တော်တို့ဘက်က ဝယ်ယူပေးပါတယ် ။ Web Mail တွေကတော့ ကျွန်တော်တို့ Company ကိုယ်တိုင် Web Mail တွေဖန်တီးပြီးတော့ သင့်အတွက် အသုံးပြုလို့ရအောင်စီစဉ်ပေးပါတယ်။

ဒီ (3)ခု အတွက် ဘယ်လိုအဆင့်လေးတွေရှိလဲ၊ ဘယ်နှစ်ရက်ကြာမလဲဆိုတာ လေ့လာကြည့်ရအောင်။

ပထမဦးဆုံးအနေနဲ့ Google ကနေ ဝယ်သုံးရတဲ့ G suite ဖြစ်ပါတယ်။ ပထမဦးဆုံး သင့်လုပ်ငန်းနာမည်နဲ့ ဆက်စပ်တဲ့ Domain တစ်ခုကိုဝယ်ရပါတယ်။ ဝယ်ပြီးပြီဆိုတာနဲ့ Google ကိုသွားပြီးတော့ ကိုယ်ဘယ်နှစ်ကောင့်သုံးမလဲဆိုတာရဲ့ အကောင့်အရေအတွက်အတိအကျအလိုက် G suite plan ဝယ်ရပါတယ်။ (3) ကောင့် သုံးမယ်ဆိုလျှင် (3) ကောင့် plan ဝယ်ရပါတယ်။ (5) ကောင့်သုံးမယ်ဆိုလျှင် (5) ကောင့် plan ဝယ်ရပါတယ်။ Domain ရှိပြီး G suite plan ရှိပြီဆိုလျှင် ရှိပြီးသား Domain ကို G suite plan နဲ့ ချိတ်ဆက်ရပါတယ်။ ချိတ်ဆက်ပြီးပြီဆိုတာနှင့် Google G suite mail တွေက စပြီးတော့ အသက်ဝင်ပြီဖြစ်ပါတယ်။ သင့်အတွက် ကျွန်တော်တို့ IWS ကနေ Google admin account ကိုပေးမှာဖြစ်ပါတယ်။ Google admin account ကနေပြီးတော့ ကိုယ့်မှာရှိသမျှ G suite သုံးထားတဲ့ Email တွေကို ကိုယ့်ဘက်ကနေပြီးတော့ စိတ်တိုင်းကျ manage လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ G suite အသုံးပြုမယ်ဆိုလျှင်တော့ ကျွန်တော်တို့ကို Service အပ်တဲ့ နေ့ကနေ စပြီးတော့ အသင့်အသုံးပြုလို့ရတဲ့အချိန်အထိ (3) ရက် ကြာမြင့်မှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Zoho ပါ။ Zoho ကိုလည်း ပထမဦးဆုံး Domain ဝယ်ရပါတယ်။ Domain ဝယ်ပြီးသွားတာနဲ့ Zoho ကိုသွားပြီးတော့ သင်သုံးချင်တဲ့ Email အရေအတွက်အလိုက် ကျွန်တော်တို့ဘက်က plan ဝယ်ပေးပါတယ်။ Domain ရပြီ Plan ရပြီဆိုလျှင် ရှိပြီးသား Domain ကို Zoho Email Plan နဲ့ချိတ်ဆက်ပေးရပါတယ်။ချိတ်ဆက်ပြီးပြီဆိုတာနဲ့ Zoho Email တွေက စတင်အသက်ဝင်ပြီးတော့ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ Zoho ကလည်း G suite ကလိုပဲ Zoho admin account ရမှာဖြစ်ပါတယ်။ admin account ကနေပြီးတော့ သင့်လုပ်ငန်းအတွက် ရှိသမျှ Email တွေအကုန်လုံးကိုတစ်နေရာတည်းကနေ စိတ်တိုင်းကျ manage လုပ်ပေးနိုင်မှာဖြစ်ပါတယ်။Zoho Email ကိုအသုံးပြုမယ်ဆိုလျှင်တော့ ကျွန်တော်တို့ကို Service အပ်တဲ့ အချိန်ကနေ စပြီးတော့ အသင့်အသုံးပြုလို့ရတဲ့အချိန်အထိ (3) ရက် ကြာမြင့်မှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီးတဲ့ Web Mail တွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီးတဲ့ Web Mail တွေကတော့ အချိန်တစ်ရက်သာကြာမြင့်မှာဖြစ်ပါတယ်။ ကျွန်တော်တို့က Domain တစ်ခုဝယ်မယ်။ Domain ဝယ်ပြီးပြီဆိုတာနှင့် ကျွန်တော်တို့ဘက်မှာ ရှိတဲ့ Email Server နဲ့ချိတ်ပြီးတော့ Web Mail တွေကို ဖန်တီးပေးလိုက်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီ Web Mail တွေအကုန်လုံးကို manage လုပ်လို့ရတဲ့ Email C panel အကောင့် တစ်ခု ရရှိမှာဖြစ်ပါတယ်။ C panel ကနေပြီးတော့ ရှိသမျှ Email တွေအကုန်လုံးကို စိတ်တိုင်းကျ စီမံခန့်ခွဲလို့ရပါတယ်။

ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ်

လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်https://inspirewebservicesmm.com/clients/

ဆက်သွယ်ရန်https://inspirewebservicesmm.com/contact-us/

09 783 896 829

Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon