မင်္ဂလာပါ Inspire Web Services ကနေ ကြိုဆိုပါတယ်။

လူကြီးမင်းတို့ရဲ့ Website ကိုလာလည်မည့် သူ‌တွေကို အကောင်းဆုံးသော experience ရစေဖို့အတွက် လူကြီးမင်းတို့ အထူးဂရုစိုက်ရမည့် အချက် (2) ချက်ရှိပါတယ်။ ဒါကတော့ Website ရဲ့ မြန်ဆန်မှုနှင့် သပ်ရပ်မှုပဲဖြစ်ပါတယ်။ ဒီ နှစ်ခုအကြောင်းကို ဒီနေ့ အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

ပထမဦးဆုံး Website ရဲ့ မြန်ဆန်မှု….

Website မြန်ဆန်မှုဆိုတာက user က လူကြီးမင်းတို့ရဲ့ Website address ကိုရိုက်ပြီး ရှာလိုက်တယ် ဒါမှမဟုတ် Website address link ကို နှိပ်လိုက်တယ် သူနှိပ်လိုက်တဲ့အချိန်ကစပြီးတော့ လူကြီးမင်းတို့ Website ပေါ်လာတဲ့အထိ ကြာချိန်ကို Website loading time လို့ခေါ်ပါတယ်။Website အတွင်းမှာ page တစ်ခုကနေ တစ်ခုကို ကူးပြောင်းတဲ့ ကြာချိန်ကိုလည်း loading time လို့ခေါ်ပါတယ်။ ဥပမာ – home page ကနေ about us page ကို ကူးပြောင်းတဲ့ ကြာချိန်ပဲဖြစ်ပါတယ်။ Company Website တွေပဲဖြစ်ဖြစ် ၊ E-commerce Website တွေပဲဖြစ်ဖြစ် ၊ Web Application Website တွေပဲဖြစ်ဖြစ် loading time အနေဖြင့် အများဆုံး (1) စက္ကန့်ကနေ (3) စက္ကန့်အတွင်းသာ ကြာသင့်ပါတယ်။ ဘာကြောင့် (3) စက္ကန့် အောက်သာ ရှိသင့်လဲဆိုရင် survey လုပ်တဲ့ results တွေအရ (1) စက္ကန့်‌ကနေ (3) စက္ကန့်ကြာတဲ့ Website တွေကို user (32) ရာခိုင်နှုန်းက ဆက်ပြီးတော့ကြည့်လေ့မရှိကြပါဘူး။ (1) စက္ကန့်ကနေ (5) စက္ကန့် loading time ကြာတဲ့ website တွေကို user (90) ရာခိုင်နှုန်း ကကြည့်လေ့ မရှိကြပါဘူး။ တစ်နည်းအားဖြင့် လူကြီးမင်းရဲ့ website က (5) စက္ကန့်အထိ loading time ကြာနေတယ်ဆိုရင် လာကြည့်တဲ့သူ အယောက် (100) မှာ (90) က ဆက်မကြည့်တော့ပဲနဲ့ ထွက်လိုက်မှာ ဖြစ်ပါတယ်။ အဲ့တော့ (90) ရာခိုင်နှုန်းတိတိ user ကိုဆုံးရှုံးရမှာ ဖြစ်ပါတယ်။ဒါကြောင့်မို့ လူကြီးမင်းရဲ့ website က (1) စက္ကန့်ကနေ (3) စက္ကန့်အတွင်းမှာ Website loading တက်ဖို့အတွက် အရမ်းကို အရေးကြီးပါတယ်။

ဒုတိယအချက် သပ်သပ်ရပ်ရပ်ရှိမှု (responsive) …..

ယနေ့ခေတ်မှာ လူတော်တော်များများက mobile phone တွေ၊ tablet တွေ နဲ့ အချိန်မရွေး နေရာမရွေး လွယ်လွယ်ကူကူ အလုပ်လုပ်နေကြပါတယ်။ဒါကြောင့် Website ရေးဆွဲတဲ့နေရာမှာ ရှိသမျှ mobile devices တွေ ၊ tablet devices တွေအစုံမှာ website ကိုသပ်သပ်ရပ်ရပ် ပေါ်ဖို့အတွက် အထူးဂရုစိုက်ရပါတယ်။အရင် mobile devices တွေ ခေတ်မစားခင်က website တွေကို computer တွေနဲ့ကြည့်ဖို့ ၊ desktop view မှာကြည့်ရတာ အဆင်ပြေဖို့ ဒါတွေကို ဦးစားပေးရေးဆွဲခဲ့တာဖြစ်ပြီး အခုလိုမျိုး mobile devices တွေ ၊ tablet တွေ ခေတ်စားလာတဲ့အချိန်မှာ device တစ်ခုချင်းစီအတွက် သပ်သပ်ရပ်ရပ်ဖြစ်ဖို့ အထူးဂရုစိုက်‌ရေးဆွဲရပါတယ်။

Inspire Web Services agency အနေနဲ့ အောက်ပါ devices တွေမှာလူကြီးမင်းရဲ့ Website ကိုသပ်သပ်ရပ်ရပ် ပေါ်အောင်လို့ လုပ်ဆောင်ပေးနေပါတယ်။

Desktop

– 1980 * 1080 px

– 1680 * 1050 px

– 1440 * 900 px

– 1366 * 768 px

– 1280 * 800 px

Tablet

– 1024 * 1366 px

– 991 * 1280 px

– 800 * 1280 px

– 720 * 1280 px

– 768 * 1024 px

– 604 * 966 px

Mobile

– 414 * 896 px

– 414 * 736 px

– 411 * 731 px

– 400 * 640 px

– 376 * 667 px

– 360 * 740 px

– 360 * 640 px

– 360 * 600 px

အထက်ပါ ဖော်ပြခဲ့တဲ့ loading time နှင့် responsive ဖြစ်မှုကို အောက်ပါ Website လေးတွေမှာ ဝင်ရောက် စစ်‌ဆေးနိုင်ပါတယ်။

Responsive စစ်ရန် –

https://responsivedesignchecker.com/

Loading time စစ်ရန် –

https://tools.pingdom.com/

ကျွန်တော်တို့ IWS ရဲ့ ဆောင်ပုဒ်ကတော့ “ Client လိုအပ်ချက်ကို အရင်နားထောင် ပြီးမှ ဆွေးနွေးပါ ” ဖြစ်ပါတယ်

လက်တွဲဆောင်ရွက်ပေးနေသော လုပ်ငန်းများကို လေ့လာရန်

ဆက်သွယ်ရန်

09 783 896 829

Room 705, Building 19, 6th Floor, MICT PARK, Hlaing Tsp, Yangon