လုပ်ငန်းသုံး မီးစက်တွေကို လုပ်ငန်းခွင်အတွင်းက ပါဝါလိုအပ်ချက်တွေနဲ့ အညီ ထိထိရောက်ရောက်နဲ့ Efficient ဖြစ်ဖြစ် အသုံးချနိုင်ဖို့က အတော်လေးအရေးပါပါတယ်။ စက်ရုံမန်နေဂျာတွေ၊ လုပ်ငန်းပိုင်ရှင်တွေအနေနဲ့ မီးစက်တွေကို Efficient ဖြစ်ဖြစ် အသုံးချနိုင်ပြီး Downtime မဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် သတိပြုသင့်တဲ့ မီးစက်နဲ့ ပတ်သက်တဲ့ အချက်အချို့ရှိပါတယ်။

၁။ မီးစက်ကို Maintenance လုပ်ဖို့ လျစ်လျူရှုထားခြင်း

မီးစက်တွေနဲ့ ပတ်သက်ပြီးကြုံတွေ့ရတဲ့ ပြဿနာ အများစုက Maintenance ပိုင်းကို လျစ်လျူရှုထားမိတာပါ။ လုပ်ငန်းခွင်သုံးမီးစက်ကို ကိုယ့်ရဲ့ကားက ကားစက်အင်ဂျင်လို သဘောထားကြည့်ပါ။ ကားအင်ဂျင်မှာ အမြဲတမ်းစစ်ဆေးသင့်တဲ့ အစိတ်အပိုင်းတွေကို မစစ်ဆေးဘဲ လျစ်လျူရှုမိတယ်ဆိုရင် ဘယ်လို ပြဿနာတွေ ဖြစ်လာနိုင်လဲဆိုတာကို လူတိုင်း သိထားကြပါတယ်။ လုပ်ငန်းခွင်သုံးမီးစက်တွေလည်း ကားအင်ဂျင်လို အလားတူပါပဲ။

အင်ဂျင်ကို သင့်တော်တဲ့ Maintenance လုပ်ထားခြင်းက ကိုယ့်လုပ်ငန်းသုံး မီးစက်တွေကို Efficient ဖြစ်ဖြစ်အသုံးချနိုင်ဖို့ အဓိကသော့ချက်ဖြစ်ပါတယ်။ မီးစက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ၊ တဆင့် ဖြန့်ချိရောင်းချတဲ့ ကုမ္ပဏီတွေက Maintenance လုပ်ရာမှာ စက်အသုံးပြုနာရီ ၂၅၀ တိုင်းဆားဗစ်ပြုလုပ်ရပါမည်။ အကယ်ရျ်၁နှစ်ကျော်လွန်ရျ်စက်အသုံးပြုနာရီ၂၅၀မပြည့်ခဲလျင်လဲ Service ပြုလုပ်သင့်ကြောင်း တူညီစွာ အကြံပြုထားကြပါတယ်။

  • Service လုပ်ရာမှာ မီးစက်ရဲ့
  • အအေးခံစနစ် (Cooling System)
  • လောင်စာဆီ/စက်ဆီ စနစ် (Fuel System)
  • လေဝင်လေထွက် စနစ် (Air Induction and Exhaust)
  • ချောဆီ စနစ်(Lube Oil System)
  • မီးစက် စတင်လည်ပတ်စေတဲ့ စနစ် (Starting System)
  • အင်ဂျင် မော်နီတာ၊ Safety Control, Control Panel
  • ချောဆီ၊ စက်ဆီ Filter များ
    စတဲ့ စနစ်နဲ့ အစိတ်အပိုင်းတွေကို စစ်ဆေးပြီး ဆားဗစ်လုပ်သင့်ပါတယ်။

Maintenance Plan ထဲမှာ နောက်ထပ် ထည့်သွင်းစဉ်းစားရမယ့်အရာကတော့ Load Test ဖြစ်ပါတယ်။ Load Test ပြုလုပ်တဲ့အခါ Cylinder တွေနဲ့ Exhaust စနစ်ထဲမှာရှိတဲ့ စက်ဆီ၊ ချောဆီ နဲ့ Carbon အကြွင်းအကျန်တွေကို လောင်ကျွမ်းစေပြီး ရှင်းထုတ်ပေးနိုင်ပါတယ်။ နောက်ပြီး မီးစက်နဲ့ အင်ဂျင်ထဲက အအေးခံစနစ်၊ အစိုဓာတ်၊ စက်ဆီအခြေအနေတွေကိုပါ စစ်ဆေးပေးနိုင်မှာ ဖြစ်ပါတယ်။

၂။ Load မမျှခြင်း

နောက်ထပ် အဖြစ်များဆုံးပြဿနာက လုပ်ငန်းနဲ့ မကိုက်ညီတဲ့ မီးစက်တွေကို သုံးစွဲနေခြင်းဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ နောင်လုပ်ငန်းချဲ့တဲ့အခါသုံးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းလိုအပ်ချက်ထက် ပိုကြီးတဲ့ မီးစက်တွေကို ဝယ်ယူလေ့ရှိကြပါတယ်။ ဒါပေမယ့် မီးစက်တစ်ခုက သူနိုင်တဲ့ Load ထက် အရမ်းနည်းလွန်းတဲ့ Load ကို ထမ်းရတဲ့အခါ မီးစက်အတွက် ကုန်ကျစရိတ်တွေကို အလဟာသ ဖြုန်းပစ်ရာရောက်ရုံ သာမကပဲ မီးစက်မှာလည်း Damage ဖြစ်နိုင်ပါတယ်။ မီးစက်အသုံးပြုတဲ့အချိန်တိုင်းမှာ Load Capacity ရဲ့ (၃၅)% အထိကို အသုံးပြုသင့်ပါတယ်။ လုပ်ငန်းရှင်တွေက သိပ်မကြာခင်မှာ လုပ်ငန်းထပ်ချဲ့မှာဖြစ်လို့ လက်ရှိလိုအပ်နေတဲ့ Load ထပ် ပိုထမ်းနိုင်တဲ့ မီးစက်တွေကို လိုချင်ကြပြီး ဒီပြဿနာကို မီးစက်ဖြန့်ချိရောင်းချတဲ့ ကုမ္ပဏီ အများစုအနေနဲ့ မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။ သို့ပေမယ့် မှန်းထားသလို လုပ်ငန်းကို မြန်မြန်ဆန်ဆန်ချဲ့ပြီး Load မတိုးနိုင်ဘဲ အချိန်ကြာလာတဲ့အခါ မီးစက် Damage ဖြစ်စေပါတယ်။

Load မမျှလို့ ဖြစ်လာတဲ့ အထင်ရှားဆုံးပြဿနာက ဆီချေးထွက်တာပါ။ မီးစက်အတွက် သတ်မှတ်ထားတဲ့ Load (၃၅)% အထိ အသုံးမပြုနိုင်ဘဲ Load အရမ်းနည်းနေရင် ဒီဇယ်ဆီတွေကို လုံးဝ လောင်ကျွမ်းသွားအောင် မလုပ်နိုင်တဲ့အတွက် အင်ဂျင်ထဲမှာ ဆီချေးတွေအိုင်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီဆီချေးတွေက Exhaust ကနေ ယိုကျလာပြီး မီးမတော်မဆမှုလို ကြီးမားတဲ့အန္တရာယ်တွေကို‌ ပေါ်ပေါက်စေနိုင်ပါတယ်။

 ၃။ စက်ဆီဖြည့်ခြင်း

မီးစက်မောင်းတဲ့အခါ စက်ဆီကို လုံလောက်အောင်မဖြည့်မိရင် မီးစက်ရပ်သွားတာ ကြုံဖူးကြပါလိမ့်မယ်။ စက်ဆီလုံလောက်အောင်မဖြည့်ထားတဲ့အခါ အခြား လူသိနည်းတဲ့ အကျိုးဆက်တစ်ခုက လောင်စာ စနစ် (Fuel System) ထဲမှာ လေခိုတာ ဖြစ်ပါတယ်။ မီးစက်ကို ပုံမှန် အသုံးမပြုဘူး၊ မမောင်းဖြစ်ဘူးဆိုရင်လည်း လောင်စာ စနစ်ထဲမှာ လေခိုတာ ဖြစ်တတ်ပါတယ်။ လောင်စာသန့်ရှင်းမှု ပိုလိုအပ်တဲ့ Tier 4 လောင်စာ စနစ်တွေ(Tier 4 လောင်စာစနစ်ကို အသုံးပြုတဲ့ အင်ဂျင်တွေက စက်ဆီသန့်မှုကို ပိုဂရုစိုက်ရပါတယ်) မှာ လေခိုတာနဲ့ (လေထဲမှာ အမှုန်အညစ်ကြေးတွေ ပါဝင်နေပါတယ်) မီးစက်ရပ်ရပ်သွားတာကို ပိုပြီး ကြုံတွေ့နိုင်ပါတယ်။

ပုံမှန် မီးစက်အသုံးပြုမှု မရှိတဲ့အပြင် ပုံမှန် Maintenance ပါ မလုပ်တဲ့အခါ မီးစက်လောင်စာကန်ထဲမှာ အရင် လောင်စာဟောင်းတွေ ကျန်ရှိနေတတ်ပါတယ်။ ကန်ထဲမှာ လောင်စာအကျန်တွေက ရေငွေ့ရိုက်တာကို ဖြစ်ပေါ်စေပါတယ်။ ရေငွေ့တွေက အနုဇီဝ ပိုးမွှားတွေ ပေါက်ဖွားဖို့ အဓိကအရင်းအမြစ် ဖြစ်ပါတယ်။ ရေငွေ့နဲ့ ပိုမွှားတွေပါဝင်နေတဲ့ အလွန် ညစ်ညမ်းနေတဲ့ ဆီအဟောင်းတွေက Fuel Filter တွေကို ပိတ်ဆို့စေပြီး နောက်ဆုံး Filter တွေ ပေါက်ပြဲကာ ယိုစိမ့်မှုတွေကို ဖြစ်စေပါတယ်။

ဒီပြဿနာတွေ အတွက် အဖြေ…

အပေါ်မှာဖော်ပြခဲ့တဲ့ ပြဿနာတွေအတွက် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး အဖြေက မီးစက်ကို ပုံမှန် Maintenance Service တွေ ပြုလုပ်ပေးခြင်းပါပဲ။ မီးစက်ပိုင်ရှင်တွေအနေနဲ့ ယုံကြည်စိတ်ချတဲ့ မီးစက် ဖြန့်ချိ ထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့ Service Agreement တွေထားရှိပြီး မိမိတို့ရဲ့ မီးစက်တွေကို ပုံမှန် ထိန်းသိမ်းစောင့်ရှောက်မှုတွေကို ပြုလုပ်ပေးမယ်ဆိုရင် အထက်ပါပြဿနာတွေ မဖြစ်အောင် ကြိုတင်တားဆီးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မှန်ကန် စိတ်ချရတဲ့ မီးစက်ထုတ် လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ဖြန်ချိတဲ့ ကုမ္ပဏီတွေက ကိုယ့်မီးစက်နဲ့ သင့်တော်တဲ့ Load ပမာဏရှိနေအောင် ဘယ်လိုအသုံးပြုရမလဲဆိုတာကိုလည်း အကြံပြုလုပ်ဆောင်ပေးနိုင်ပါတယ်။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းသုံးမီးစက်တွေကို ပုံမှန်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေကို ရယူလိုပါက ဆက်သွယ်ရန် …